ISO ဝန်ဆောင်မှုများ
ISO အသိမှတ်ပြုလက်မှတ်ရရှိရန် သင့်အဖွဲ့အစည်းကို ကူညီပါ။

ကျွန်တော်တို့၏ ISO ဝန်ဆောင်မှုများ

  • နိုင်ငံတကာ အသိမှတ်ပြု ISO မှ ချမှတ်ထားသည့် လမ်းညွှန်ချက်များအတိုင်း တိုးတက်ကောင်းမွန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကူညီဖြည့်ဆည်းပေးခြင်း
  • လူကြီးမင်းတို့၏ အဖွဲ့အစည်းအား ISO အသိအမှတ်ပြု လက်မှတ်ရရှိသည်အထိ ကူညီဆောင်ရွက်ပေးခြင်း
  • မိမိတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ အစဉ်တစိုက် အရည်အသွေးရှိစွာဖြင့် ISO မှ ချမှတ်ထားသော နည်းစနစ်များအတိုင်း ကိုက်ညီမှုရှိစေရန် ကူညီဆောင်ရွက်ပေးခြင်း
  • လူကြီးမင်းတို့၏ လုပ်ငန်းစဉ်များတွင် စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်သည့် အလေ့အထတစ်ခုကို ဖွံ့ဖြိုးတိုးတက်စေရန် လမ်းညွှန်ပြသပေးခြင်း
  • ဝန်ထမ်း၏ စွမ်းဆောင်ရည် တိုးပွားစေရန်၊ လူကြီးမင်းတို့၏ အဆင့်အတန်းမီသော ဝန်ဆောင်မှုများတိုးတက်စေရန် လူကြီးမင်းတို့၏ အဖွဲ့ဝင်များကို သင်တန်း ပို့ချခြင်း၊ လမ်းညွှန်သင်ကြားပေးခြင်း
  • ISO မှပြဌာန်းထားသော လမ်းညွှန်ချက်များနှင့်အညီ လူကြီးမင်းတို့၏ Document များ ကိုက်ညီမှုရှိစေရန်နှင့် လက်တွေ့ အသုံးချနိုင်ရန် ပြင်ဆင်ဆောင်ရွက်ပေးခြင်း
  • ISO လက်မှတ် ရရှိစေရန်အတွက် ပြုလုပ်ရမည့် စီမံခန့်ခွဲ့မှုအပိုင်းကို လမ်းညွှန်ပြသပေးသည့် Internal Quality Audit အား စစ်ဆေးပေးခြင်း
  • Certificate Audit စစ်ဆေးသည့်အဆင့် ရောက်သည်အထိ လူကြီးမင်းတို့၏ အဖွဲ့နှင့်အတူ လိုအပ်သည်များကို ဖြည့်ဆည်းပေးရန် ညှိုနှိုင်းဆောင်ရွက်ပေးခြင်း

ကျွန်တော်တို့၏ ဝန်ဆောင်မှုအား ဘာကြောင့် ရွေးချယ်သင့်ပါသလဲ။

  • ကျွန်တော်တို့၏ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသော ISO အကြံပေးအဖွဲ့သည် လူကြီးမင်းတို့၏ စက်ရုံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များနှင့် အဖွဲ့အစည်း၏ ထိန်းချုပ်ခြင်း လုပ်ငန်းစဉ်များ တိုးတက်စေရန်၊ ကောင်းမွန်စေရန် ကူညီလုပ်ဆောင်ပေးနိုင်ပါသည်။
  • ကျွန်တော်တို့သည် စက်ရုံလုပ်ငန်းအမျိုးမျိုးတွင် ISO လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ဝန်ဆောင်မှုပေးနေသော လုပ်ငန်းအတွေ့အကြုံ (၁၀) နှစ်ကျော်ရှိသည့် ISO အကြံပေး ပညာရှင်များဖြင့်သာ ဖွဲ့စည့်ထားသည့် အဖွဲ့အစည်းဖြစ်ပါသည်။

ကျွန်တော်တို့ အဖွဲ့အစည်းနှင့်ဆက်သွယ်ပါ။

UGBS-symbol-mono

All content © Uniteam Global Business Services, 2017. All rights reserved.
Uniteam Global Business Services is part of Uniteam Group of Companies.

Follow us on social media

iso-logo-footer