သတင်းအချက်အလက်နှင့် နည်းပညာဝန်ဆောင်မှု
အိုင်တီလုံခြုံရေး
- ကျွန်တော်တို့က လူကြီးမင်းအဖွဲ့အစည်း၏ အိုင်တီလုံခြုံရေးကို အန္တရာယ်အကင်းဆုံးဖြစ်အောင် ကူညီနိုင်မည့် ဝန်ဆောင်မှုတွေကို အကြံပြုသွားပါမည်။ အဆိုပါဝန်ဆောင်မှုတွေက အိုင်တီလုပ်ငန်းပိုင်းနှင့် လုံခြုံရေး စီမံခန့်ခွဲမှုအတွက် အကောင်းဆုံးဆောင်ရွက်မှုပေးနိုင်သလို ကွန်ရက်တစ်ခုလုံးလွှမ်းခြုံအ သုံးပြုနိုင်အောင် ပြုလုပ်ပေးပါသည်။
- Lancom နှင့် Rohde & Schwarz Unified Firewall အသုံးအဆောင်တွေ တရားဝင်ရောင်းချခွင့်ရထားတဲ့ ကျွန်တော်အနေနဲ့ အတွေ့အကြုံရှိ ကွန်ရက်အင်ဂျင်နီယာတွေနဲ့လက်တွဲလုပ်ကိုင်ပြီး customer တစ်ဦးချင်းစီအတွက် သင့်တော်တဲ့ဝန်ဆောင်မှုတွေကို ဖန်တီးပြီး လူကြီးမင်းရဲ့အဖွဲ့အစည်းထံ အရောက်ပို့ဆောင်ပေးသွားပါမည်။
Microsoft Cloud Solution Provider:
Microsoft Cloud Solution Provider (‘CSP’) ဖြစ်သည့် ကျွန်တော်တို့က လူကြီးမင်း၏ အဖွဲ့အစည်းအတွက် Microsoft 365 နှင့် Azure ဝန်ဆောင်မှုတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ အဆိုပါဝန်ဆောင်မှုတွေကို install ပြုလုပ်ခြင်း၊ အချက်အလက်ရွေ့ပြောင်းခြင်းနဲ့ ဆက်လက်ထောက်ပံ့သုံးစွဲဖို့အတွက်လည်း လစဉ်ကြေးပေးသွင်းပေးပါသည်။
- ကျွန်တော်တို့၏ အိုင်တီပညာရှင်တွေက cloud-based infrastructure တွင်ပါ၀င်သော ရှုပ်ထွေးလှတဲ့ system installation နှင့်အချက်အလက်ရွေ့ပြောင်းမှုစီမံကိန်းတွေကို လုပ်ကိုင်ဖူးသည့် မှတ်တမ်းကောင်းတွေ ရှိပါသည်။
- လူကြီးမင်း၏ အဖွဲ့အစည်းက အချက်အလက်တွေကို cloud ပေါ်တွင်တင်သုံးနိုင်ရန် စီစဉ်နေပါသလား။ လူကြီးမင်းရဲ့ အဖွဲ့အစည်းက တည်ငြိမ်တဲ့ရင်းနှီးမြှုပ်နှံမပြုလုပ်ခင် မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ အတွေ့အကြုံနဲ့ အသိအမြင်တွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
ဝန်ဆောင်မှုတစ်ခုအဖြစ် ပါဝင်လာမည့် IT ဒါရိုက်တာ
- အဖွဲ့အစည်းလုပ်ငန်းအသေးလေးကနေ အလတ်စားအထိ ခန့်အပ်ထားတဲ့ အိုင်တီအုပ်ချုပ်ရေးမှူး ဒါမှမဟုတ် အိုင်တီမန်နေဂျာထက် အချိန်ပြည့်ခန့်အပ်ထားသည့် အိုင်တီဒါရိုက်တာတစ်ဦးက ပိုမိုကောင်းမွန်ပါတယ်။ အိုင်တီဒါရိုက်တာကို ခန့်အပ်လိုက်သည်နှင့် အိုင်တီနည်းဗျူဟာအကြံဉာဏ်တွေ၊ အရင်းအမြစ်ကိုချိန်ညှိတာ၊ လုပ်ငန်းအတွင်းက အသိအမြင်တွေ ဒါမှမဟုတ် အုပ်ချုပ်ရေးပိုင်းနဲ့ ကာလတိုအတွင်းမှာ ဖြစ်ပျက်နေသည့် ခေတ်ရေစီးကြောင်းများကို သိရှိလာမှာပါ။
- လူကြီးမင်းရဲ့အဖွဲ့အစည်းအတွင်းက လက်ရှိစီမံခန့်ခွဲရေးအဖွဲ့နှင့် ကျွန်တော်တို့လက်တွဲလုပ်ကိုင်ကာ သုံးသပ်မှုပြုပြီးနောက် သက်သာတဲ့ဈေးနှုန်းနှင့် အဖွဲ့အစည်းအတွက်သင့်တော်သည့် အိုင်တီဝန်ဆောင်မှုများစွာကို တစ်ဆင့်ချင်း တည်ဆောက်ပေးသွားပါမည်။ အိုင်တီဝန်ဆောင်မှုတွေကို နည်းပညာဆန်သည့် အသုံးအနှုန်းတွေမပါဝင်ဘဲ လုပ်ငန်းအတွက် အသုံးဝင်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ အဖွဲ့အစည်းနှင့်ဆက်သွယ်ပါ။

Warren Gibbs
Head of Information Technology / Leading global operations and advisory services

Andreas Sofocleous
Head of Information Technology / Leading Cyprus operations and advisory services

Min Thu Han
Head of Information Technology / Leading Myanmar operations and advisory services

All content © Uniteam Global Business Services, 2017. All rights reserved.
Uniteam Global Business Services is part of Uniteam Group of Companies.
Follow us on social media
