Uniteam Global Business Services (MM) Limited ၏ HR ဝန်ဆောင်မှုများသည် သင်နှင့် သင့်အဖွဲ့အစည်း၏ လိုအပ်ချက်များနှင့်အညီ အထောက်အကူဖြစ်စေရန် တည်ဆောက်ထားပါသည်။ ကျွန်ုပ်တို့အနေ နှင့် ရိုးသားမှု၊ အပြန်အလှန်လေးစားမှု၊ စကားပြောဆိုဆွေးနွေးမှုများ နောက်ဆုံးပေါ် နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှုများ ဖြင့်ဖွဲ့စည်းထားသော ဝန်ဆောင်မှုကို စိတ်ဝင်စားသည့် customer များကို candidate များနှင့်အတူ ခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်လျက်ရှိပါသည်။
Uniteam Global Business Services (MM) Limited သည် Unidelta Employment Services Limited နှင့် တရားဝင်သဘောတူညီပြီး အတူတကွလက်တွဲ လုပ်ကိုင်လျက်ရှိသော ဝန်ထမ်းခေါ်ယူရေး အေဂျင်စီတစ်ခုဖြစ်ပါသည်။ ဝန်ထမ်းလိုအပ်နေသည့် ကုမ္ပဏီများ (Clients) အတွက် အရည်အချင်းပြည့်စုံသော၊ အတွေ့အကြုံကြွယ်ဝသော ပရော်ဖက်ရှင်နယ် စိတ်ဓာတ်ပြည့်ဝသူများကို အချိန်မီရှာဖွေ၍ ဖြည့်ဆည်းပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ HR အေဂျင်စီအတွင်း အရည်အချင်းပြည့်ဝသော အဖွဲ့၊ ကြိုးစားလိုစိတ်ပြင်းပြသည့် အရည်အသွေးရှိကျွမ်းကျင်သူများ ပါဝင်သောကြောင့် သင့်၏ HR ဌာနက ဝန်ထမ်းခေါ်ယူရေး စိန်ခေါ်မှုတွေကို အကူအညီပေးနိုင်ပါသည်။ ကျွန်ုပ်တို့၏ နောက်ဆုံးပေါ် အသိပညာနှင့် ကျွမ်းကျင်မှုကို အသုံးပြု၍ ရွေးချယ်ထားသော candidates များတွင် အလုပ်အတွက် သင့်တော်သည့် အရည်အချင်းရှိစေဖို့ အကောင်းဆုံးအရည်အသွေးရှိသူကို ဆွဲဆောင်ခန့်အပ်ပေးပါသည်။
ကျွန်ုပ်တို့၏ HR အထူးအကြံပေးဝန်ဆောင်မှုများက သင့်အဖွဲ့အစည်းနှင့် လုပ်ငန်းတစ်ခုလုံးအတွင်းက ကုန်ကျစရိတ်၊ လုပ်ငန်းတွင်ကျယ်မှုနှင့် အရည်အသွေးအတွက် အရေးပါသည့် အကျိုးဖြစ်ထွန်းမှုကို ယူဆောင်လာပေးနိုင်ပါမည်။ ကျွန်ုပ်တို့အနေနှင့် သင့်လုပ်ငန်း၏ ခေါင်းဆောင်များက အရေးပါသည့် ကိစ္စရပ်များကို အာရုံစိုက်နိုင်စေရန် အဖွဲ့အစည်းဆိုင်ရာ လုပ်ကိုင်နိုင်စွမ်းကို ဖန်တီးပေးပါသည်။
ကျွန်ုပ်တို့အနေနှင့် အစဉ်အမြဲပြောင်းလဲနေသည့် လိုအပ်ချက်နှင့်အညီ professional ဆန်သည့် HR အကြံပေးဝန်ဆောင်မှုများကို လုပ်ငန်းများအတွက် ထောက်ပံ့ပေးနိုင်ပါသည်။ HR စီမံခန့်ခွဲရေးသည် အချက်အလက်လုံခြုံရေးကို မြှင့်တင်ရပြီး အချိန်တိကျ၊ မှန်ကန်စွာဖြင့် လုပ်ငန်းဆောင်တာများကို ဂရုတစိုက်ဆောင်ရွက်ရကာ အချိန်များစွာ အသုံးချရသည့် လုပ်ငန်းဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ကျယ်ပြန့်သည့် HR outsourcing solutions ကိုအသုံးပြုကာ အနာဂတ်အတွက် အဆင့်သင့်ဖြစ်စေရန် လုပ်ငန်းပိုင်းကို ကြိုတင်ပြင်ဆင်ထားသင့်သည်။ ကျွန်ုပ်တို့၏ ပရော်ဖက်ရှင်နယ်အဖွဲ့အနေဖြင့် လူသားအရင်းအမြစ် အလေ့အကျင့်များ၊ အရည်အချင်းစီမံခန့်ခွဲမှု နည်းဗျူဟာများနဲ့ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ကိုင်နိုင်စွမ်းတို့ အားကောင်းလာစေမည့် ခိုင်မာ၊ တည်ငြိမ်သော HR နည်းဗျူဟာ အခြေခံအုတ်မြစ်တည်ဆောက်မှုကို အရှိန်မြှင့်တင်လာစေရန် ကူညီပေးသွားပါမည်။