ဘဏ္ဍာရေးစီမံခန့်ခွဲရေးနှင့် စာရင်းဆိုင်ရာစီမံခန့်ခွဲမှု

Uniteam Global Business Services ၏အတွေ့အကြုံရှိသော စာရင်းကိုင်အဖွဲ့မှ စာရင်းနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဝန်ဆောင်မှုအမျိုးမျိုးကို အဖွဲ့အစည်းအရွယ်အစားမျိုးစုံအထိ ဝန်ဆောင်မှုများစွာ ပေးစွမ်းနိုင်ပါသည်။ ဘဏ္ဍာရေးစီမံခန့်ခွဲရေး ဖြေရှင်းချက်များနှင့် လုပ်ငန်းပိုင်း လက်တွေ့ဆောင်ရွက်မှုများ အကောင်းဆုံးထွက်ပေါ်အောင် ကျွန်တော်တို့က ရင်းနှီးမြုပ်နှံထားသည့်အတွက် လိုအပ်သော ရလဒ်များနှင့် အောင်မြင်မှုရှိစေမည့် ပတ်ဝန်းကျင်ကို ရရှိအောင် ထောက်ပံ့ပေးနိုင်ပါသည်။

ကျွန်တော်တို့ ဆောင်ရွက်ပေးနိုင်သော ဝန်ဆောင်မှုများမှာ-

စာရင်းနှင့်စီမံခန့်ခွဲရေး ဝန်ဆောင်မှုများ

ကျွန်တော်တို့အဖွဲ့သည် လူကြီးမင်းတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ပေးပြီး လူကြီးမင်းအဖွဲ့အစည်းက စာရင်းနှင့်ကြီးကြပ်သူများ၏ လိုအပ်ချက်အတိုင်း စိတ်ကျေနပ်မှုရရှိအောင် လုပ်ဆောင်ပေးမှာဖြစ်ပါသည်။ Uniteam Global Business Services ကိုရွေးချယ်သည့် ကျွန်တော်တို့၏ customer တွေသည် မိမိရဲ့ ကိုယ်ပိုင်အချိန်နဲ့ ဆောင်ရွက်စရာရှိသော အရေးအကြီးဆုံးအရာတွေအပေါ်တွင် ပိုမိုအာရုံစိုက်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးအစီရင်ခံမှု စံချိန်စံညွှန်းများ (IFRS) အပါအဝင် စာရင်းဆိုင်ရာအစီရင်ခံမှုနည်းလမ်းနှင့် အညီ ဥပဒေအမျိုးမျိုး၏ လိုအပ်ချက်နှင့် ကိုက်ညီအောင် ဆောင်ရွက်ရမည့်နည်းလမ်းတွေ ကျွန်တော်တို့မှာရှိပါသည်။ ဒေသတွင်အစိုးရအဖွဲ့အစည်းများနှင့် အပြန်အလှန်ဆက်သွယ်ရာမှာ အချိန်ကုန်သက်သာစေရန်၊ စည်းမျဉ်းများနှင့် စာရင်းစံချိန်စံညွှန်းများစသည့် ပြောင်းလဲသွားသော စည်းမျဉ်းများနှင့်အတူ ရင်ပေါင်တန်းဆောင်ရွက်နိုင်ရန် လိုအပ်လာလျင် လူကြီးမင်းဆီကို ကျွန်တော်တို့စာရင်းစစ်အဖွဲ့ စေလွှတ်ပေးသွားမည်ဖြစ်ပါသည်။

ဘဏ္ဍာရေးအကြံပေးဝန်ဆောင်မှုများ

ကျွန်တော်တို့ UGBS သည်အဆင့်မြင့်မားသော ဘဏ္ဍာရေး system တွေကို အသုံးပြုနိုင်ပြီး လူကြီးမင်း၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုမှ ရရှိသော သတင်းအချက်အလက်တွေကို အသုံးဝင်ပြီး အဓိပ္ပာယ်ရှိသည့် အစီရင်ခံစာအဖြစ် အသွင်ပြောင်းပေးနိုင်ပါသည်။ ကျွန်တော်တို့သည် လူကြီးမင်းတို့၏ လုပ်ငန်းများကို ထိန်းချုပ်၊ လည်ပတ်၊ စောင့်ကြည့်ဖို့ လိုအပ်သည့် သတင်းအချက်အလက်ကို အချိန်မီ၊ တိကျစွာရရှိအောင် ထောက်ပံ့ပေးပါသည်။ ကျွန်တော်တို့၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှု အကြံဉာဏ်ကို လူကြီးမင်းမှ လုပ်ငန်းပိုင်း ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်အတွင်း လွယ်ကူချောမောအောင် အသုံးချနိုင်ပြီး လူကြီးမင်းအဖွဲ့အစည်း၏ စွမ်းဆောင်ရည်ပိုင်းတိုးတက်လာပြီး လုပ်ငန်းကို ကြီးထွားလာ အောင်အထောက်အကူပေးသွားပါမည်။

ကျွန်တော်တို့အနေနှင့် လူကြီးမင်း၏ လုပ်ငန်းနှင့် အစီရင်ခံမှုပိုင်းလိုအပ်ချက်များကို နားလည်စေရန် customer များနှင့် လက်တွဲလုပ်ကိုင်သွားမည် ဖြစ်ပါသည်။ သို့မှသာ လူကြီးအတွက် ပြီးပြည့်စုံသည့် ဝန်ဆောင်မှုများကို ကျွန်တော်တို့ပေးအပ်နိုင်မည်ဖြစ်ပါသည်။ ကျွန်တော်၏တို့ရည်မှန်းချက်သည် customer များနှင့် ခိုင်မာသော ဆက်ဆံရေး တည်ဆောက်ပြီး သမားရိုးကျ ရုံးအဖွဲ့အစည်း အတွေးအခေါ်ကနေ ကွဲထွက်အောင် ဆောင်ရွက်ပေးဖို့ရန် ဖြစ်ပါသည်။ အကယ်၍ လူကြီးမင်းက အဖွဲ့အစည်း၏ စွမ်းဆောင်ရည်တိုးတက်မှု၊ ကုန်ကျစရိတ်သက်သာမှု၊ အမြတ်အစွန်းများစွာ ရရှိရေးနှင့် လုပ်ငန်းပိုင်း ပုံမှန်တိုးတက်ရေးကို ရှာဖွေလုပ်ဆောင်မည်ဆိုလျှင် UGBS သည်အသင့်တော်ဆုံးအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

ကျွန်တော်တို့၏ စာရင်းဆိုင်ရာစီမံခန့်ခွဲဝန်ဆောင်မှုများမှာ-

  • Accounts receivable
  • Accounts payable
  • Fixed assets accounting
  • Cash and bank accounting
  • General ledger entries
  • Maintenance of tax records

ကျွန်တော်တို့၏ အကြံပေးဝန်ဆောင်မှုမှာ-

  • Management Accounting
  • Budget and forecast preparation and reporting
  • Treasury operations
  • Investment and capital expenditure appraisals
  • Business planning and feasibility studies

လက်ရှိအချိန်တွင် အကြံပေးလုပ်ငန်းများကို ဂျာမနီနဲ့ မြန်မာနိုင်ငံတွင်သာ လုပ်ကိုင်လျက်ရှိပါသည်။

ကျွန်တော်တို့ အဖွဲ့အစည်း နှင့်ဆက်သွယ်ပါ။

ကျွန်တော်တို့၏ဝန်ဆောင်မှုကိုစိတ်ဝင်စားပါသလား?

ကျွန်တော်တို့အဖွဲ့အစည်းနှင့်ဆက်သွယ်လိုက်ပါ။

UGBS-symbol-mono

All content © Uniteam Global Business Services, 2017. All rights reserved.
Uniteam Global Business Services is part of Uniteam Group of Companies.

Follow us on social media

iso-logo-footer