အလုပ်အကိုင်ရှာဖွေသူများ
Uniteam Global Business Services Clients နှင့်အတူ အလုပ်ရှာဖွေပါ။
Uniteam Global Business Services ကို အသုံးပြုမည့်သူအနေဖြင့် သင့်တော်သည့် အထောက်အပံ့ကို ရရှိပြီး မိမိနှင့်ကိုက်ညီသော အလုပ်အကိုင်ကိုရှာဖွေနိုင်ပါသည်။ သင်အလုပ်အကိုင်အခွင့်အလမ်း တခုခု ရှာဖွေနေသည့်အခါ အလုပ်အကိုင်ရာထူးအဆင့်ကို အလုပ်ရှင်၏ လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီအောင် ကျွန်ုပ်တို့ဖက်မှ ကြိုးပမ်းအားထုတ်ပေးနိုင်ပါသည်။
ကျွန်ုပ်တို့ အဖွဲ့သည် လုပ်ငန်းပေါင်းမြောက်မြားစွာကို လုပ်ကိုင်ခဲ့ဖူးသည့်အတွေ့အကြုံရှိသောကြောင့် သင့်အရည်အသွေးနှင့်ကျွမ်းကျင်မှုကို ကောင်းစွာသဘောပေါက် နားလည်နိုင်ကာ အရည်အချင်း အပြည့်အဝ ပြသနိုင်အောင် ပြုလုပ်ပေးနိုင်ပါသည်။ ထိုမှတဆင့် အရေးအကြီးဆုံး အနေဖြင့် သင့်လုပ်အားနှင့် ညီမျှသော အကျိုးရလဒ် ခံစားရနိုင်ပါသည်။
သင့်အနေဖြင့် အလုပ်အကိုင်လမ်းကြောင်းရွေးချယ်ရာတွင် ယခုထက်မြင့်သည့် အဆင့်ကို တက်လှမ်းလိုသည်ဖြစ်စေ၊ အခြားကျွမ်းကျင်ရာ လုပ်ငန်းတခုခုသို့ ပြောင်းလိုသည်ဖြစ်စေ၊ အလုပ်အကိုင်အသစ် တစ်ခုခု စတင်လိုသည်ဖြစ်စေ သို့မဟုတ် လုပ်ငန်းခွင်ပြန်ဝင် လိုသည်ဖြစ်စေ မည်သည့် အခြေအနေတွင်မဆို ကျွန်ုပ်တို့က သင့်ကို ကူညီပေးလိုပါသည်။
CAREER with Uniteam Global Business Services နှင့်အတူ လက်တွဲလုပ်ကိုင်ပါ။
ကျွန်ုပ်တို့သည် သင်္ဘောနှင့်သက်ဆိုင်သော ဝန်ဆောင်မှုများ၊ ပရော်ဖက်ရှင်နယ်စီးပွားရေးဝန်ဆောင်မှုများ၊ ဟိုတယ် ဝန်ဆောင်မှုကဏ္ဍများတွင် သုံးစွဲသူများကို ဝန်ဆောင်မှုပေးလာသည်မှာ ၂၅ နှစ် အတွေ့အကြုံရှိပြီဖြစ်ပါသည်။ မိတ်ဖက် ကုမ္ပဏီ များအပေါ်တွင် စစ်မှန်သောစိတ်ရင်းစေတနာဖြင့် လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါသည်။ ကျွန်ုပ်တို့က သင့်ကို သာလွန်ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှုများကိုရရှိပြီး သင့်အား စဉ်ဆက်မပြတ်ဖွံဖြိုး တိုးတက်စေရန် စွမ်းဆောင်ပေးနိုင်ပါသည်။
Uniteam Global Business Services ၏တန်ဖိုးစံနှုန်းများနှင့်ကိုက်ညီပြီး ပါဝင်လက်တွဲရန် စိတ်ဝင်စားသူများ ကိုလည်း ကျွန်ုပ်တို့ ရှာဖွေနေပါသည်။ ကုမ္ပဏီက ပံ့ပိုးကူညီနိုင်မည့် အရည်အချင်းရှိသောဝန်ထမ်းများကို ကျွန်ုပ်တို့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြိုဆိုနေပါသည်။
Email ပို့၍ ဆက်သွယ်ရန်
သင်၏ကိုယ်ရေးရာဇဝင်အချက်အလက်များကို အောက်ပါ အီးမေးလ်လိပ်စာသို့ပေးပို့နိုင်ပါပြီ
careers-mm@uniteamservices.com
သင်၏ အချက်အလက်များကို ကျွန်ပ် တို့မှလုံခြုံစွာသိမ်းဆည်းထားပါမည်။
နောက်ဆုံးရအလုပ်အကိုင်များ
နောက်ဆုံးရ အလုပ်အကိုင်များအားလုံး ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်မှာ ကြည့်ရှုနိုင်ပါသည်။ ထို့အပြင် သင်၏ကိုယ်ရေးအကျဉ်း ဖန်တီးပြီး သင့်အတွက် မှန်ကန်သည့် အလုပ်အကိုင်တစ်ခု ရှာဖွေ တွေ့ရှိရန် စိစစ်ကြည့်ရှုနိုင်ပါသည်။
ကျွန်ုပ်တို့ကို ယုံကြည် စိတ်ချခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများကို သင်ခံစားရမည်ဖြစ်ပါသည်။
-
သင်စိတ်ဝင်စားမှုရှိပြီး၊ ဖြစ်ချင်သောဆန္ဒနှင့် ကိုက်ညီသော အလုပ်အကိုင် အခွင့်အလမ်းအမျိုးမျိုးကို ရှာဖွေသိရှိနိုင်မှု
-
အလားအလာရှိသော အလုပ်အကိုင်အခွင့်အလမ်းများကိုဖန်တီးပေးမည့် အလုပ်ရှင်ဖြစ်လာနိုင်သူများနှင့် ချိတ်ဆက်နိုင်မှု
-
အလုပ်အကိုင်စျေးကွက်ကို လွယ်ကူလျင်မြင်စွာ သိရှိနိုင်မှု
-
ပုဂ္ဂိုလ်ရေးအချက်အလက်များကို လုံခြုံစိတ်ချစွာ သိမ်းဆည်းပေးထားနိုင်မှု

All content © Uniteam Global Business Services, 2017. All rights reserved.
Uniteam Global Business Services is part of Uniteam Group of Companies.
Follow us on social media
