about-us-new
You concentrate on your core activities
We handle the supporting operations

ကျွန်ုပ်တို့၏အကြောင်း

Uniteam Global Business Services သည် ရေကြောင်းလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ၊
ရေကြောင်းဆိုင်ရာ သင်တန်းများအပြင် လုပ်ငန်းခွင်လုံခြုံရေးနှင့် သက်ဆိုင်သော သင်တန်းများကို
ပို့ချခြင်းလုပ်ငန်းများ၊ အိမ်၊ ခြံ၊ ရုံးခန်းဆိုင်ရာ ဌားရမ်းခြင်းလုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများတွင် (၂၅)
နှစ်တိုင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံများအပေါ် အခြေခံပြီး လူကြီးမင်း တို့အား အကောင်းဆုံး
ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ယခင်က Uniteam Shared Services အမည်ဖြင့် ဝန်ဆောင်မှုများ
ပေးခဲ့ပြီး ကျွန်တော်တို့၏ အဓိကလုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းစဉ်များအား ချောမွေ့စွာဖြင့်
တိုးတက်ပြုပြင်ပြောင်းလဲနိုင်ရန် အရည်အသွေး တိုးမြှင့်ရေးတို့ကို စံချိန်စံညွှန်း ကိုက်ညီစွာ အလေးပေး၍
ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကျွန်တော်တို့သည် အဖွဲ့အစည်းအတွင်းတွင် ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးရာမှတဆင့် ရည်ရွယ်ချက်တူညီသော ရေရှည်မျှော်မှန်းချက်နှင့်အတူ တူညီသော ခေါင်းဆောင်မှုဖြင့် ဤ UGBS ကိုထပ်မံဖွဲ့စည်းခဲ့ပါသည်။ UGBS သည် မိမိတို့၏ ဝန်ဆောင်မှုများကို သုံးစွဲနေကြသူများ၏ စိတ်ချယုံကြည်ရသည့် အဖွဲ့အစည်းဖြစ်ရန် ရည်ရွယ်ပြီး လူကြီးမင်းတို့၏ အဓိကအရေးကြီးသော လုပ်ငန်းကို ပိုမိုအာရုံစိုက် လုပ်နိုင်ရန်အတွက် အဖွဲ့အစည်းတစ်ခု၏ အဓိကကျသော လုပ်ငန်းများဖြစ်သည့် ဘဏ္ဍရေးဆိုင်ရာ စီမံခန့်ခွဲမှု (Financial Management)၊ စာရင်းအင်းပိုင်းဆိုင်ရာ စီမံဆောင်ရွက်မှု (Accounting Administration)၊ ဝန်ထမ်းများ၏ လစာနှင့် ပတ်သက်သော ကိစ္စရပ်များကို စီမံဆောင်ရွက်မှု (Staff Payroll Administration)၊ လူသားအရင်းအမြစ်နှင့်ဆိုင်သော ကိစ္စရပ်များကို စီမံခန့်ခွဲမှု (Human Resources)၊ သတင်းနှင့် နည်းပညာဆိုင်ရာ စီမံခန့်ခွဲမှု (Information Technology) တို့ကို အကောင်းဆုံး ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

ကျွန်တော်တို့၏ အများနှင့်မတူ၊ တမူထူးခြားသော အရည်အချင်းများနှင့် ခေတ်မီ သော နည်းပညာများကို လိုအပ်သလို အသုံးချပြီး မိမိတို့၏ ဝန်ဆောင်မှုများအား သုံးစွဲနေကြသူများကို အစဉ်ဦးစားပေးလုပ်ဆောင်ခြင်း၊ လုပ်ငန်းများကို ခေတ်မီ သောနည်းများဖြင့် အသုံးပြုနိုင်အောင် ပံ့ပိုးပေးခြင်း၊ အစရှိသကဲ့သို့ ထောက်ပံ့ပိုး ပေးခြင်း၊ အစရှိသကဲ့သို့ ထောက်ပံ့ လုပ်ဆောင်မှုများပေးခြင်းကြောင့် လူကြီးမင်း တို့၏ လုပ်ငန်းများ စျေးကွက်တွင် အောင်မြင်မှုကို အစဉ်ရရှိစေနိုင်ပါသည်။

ကျွန်တော်တို့၏ ဘဏ္ဍာရေးအဖွဲ့သည် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် စာရင်းအင်းဆိုင်ရာ စီမံဆောင်ရွက်မှုစသော လုပ်ငန်းများကို တိုးတက်ကောင်းမွန် လာရန်အတွက် သာလွန်ကောင်းမွန်ပြီး၊ အဆင့်အတန်းရှိသော နည်းစနစ်ကို လိုအပ်သလို အသုံးချပြီး ထောက်ပံ့ပေးနိုင်ပါသည်။ ထိုကဲ့သို့ တစ်ချိန်တည်း လုပ်ဆောင်နေစဉ် ကျွန်တော်တို့၏ သတင်းနှင့်နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ များနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်သူများမှလည်း တစ်ပြိုင်တည်း ပူးပေါင်းပြီး လူကြီးမင်းတို့၏ လုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဝန်ဆောင်မှုပေးနိုင်ပါသည်။

ကျွန်တော်တို့သည် လူကြီးမင်းတို့အား ပညာရှင်ပီသစွာဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ စိတ်အား ထက်သန်မှု၊ ရိုးသားဖြောင့်မတ်မှုစသည့် ကောင်းမွန်သော အဖွဲ့အစည်း စိတ်ဓာတ်များဖြင့် အတူတကွ လက်တွဲလုပ်ဆောင်၍ ဝန်ဆောင်မှု များပေးပါမည်။ ၄င်းအပြင် ကျွန်တော်တို့၏ တန်ဖိုးရှိပြီး ရှင်းလင်း ပြတ်သားသည့် ကျင့်ဝတ်နှင့် ပေးလျက်ရှိသောဝန်ဆောင်မှုများကို လူကြီးမင်းတို့မှ ဆန်းစစ် အကဲဖြတ်နိုင်ပါသည်။

Andreas-Papanisiforou
Andreas Papanisiforou
Managing Partner
Uniteam Global Business Services

OUR VISION & MISSION

To be a provider of innovative solutions for our customers and an inspiration to our people. A trusted partner that delivers outstanding professional business services and enables customers to focus on their core activities.

OUR VALUES

Values-ThinkCustomer

THINK CUSTOMER

Deliver our services with innovation, integrity and professionalism

Values-BePassionate

BE PASSIONATE

Love what we do and be proud of our achievements

Values-LiveTeamwork

LIVE TEAMWORK

Work together, build relationships and maintain them through mutual respect

Values-InspireLeadership

INSPIRE LEADERSHIP

Influence a positive future for our customers and our people

ကျွန်ုပ်တို့၏ အရည်အသွေးကို အာမခံချက်ရှိခြင်း

Uniteam Global Business Services မှ ကြံ့ခိုင်သော အရည်အသွေး စီမံခန့်ခွဲမှုစနစ်များ အသုံးပြုပြီး ဝန်ဆောင်မှုတွေကို ထိရောက်၊ စရိတ်သက်သာစေအောင် ပြုလုပ်ပေးပါသည်။ ကျွန်ုပ်တို့သည် တိုင်းတာမှုပြုလုပ်နိုင်သော ရည်မှန်းချက်များ ချမှတ်ခြင်း၊ ကုမ္ပဏီအတွင်းပိုင်း စာရင်းစစ်များမှတစ်ဆင့် လုပ်ငန်းပိုင်း စွမ်းဆောင်ရည်ကို စနစ်တကျသုံးသပ်ခြင်းနှင့် ဖြစ်ရပ်တစ်ခုချင်းစီအလိုက် တားဆီးပြုပြင်ရမည့် လုပ်ဆောင်ချက်များကို ချက်ခြင်းပြုလုပ်ခြင်း စသည့် ဝန်ဆောင်မှုများနှင့် customerများ စိတ်ကျေနပ်မှုရရှိစေရန် အဆင့်မြှင့်တင်ဆောင်ရွက်ပေးပါသည်။ ကျွန်တော်တို့၏ ဝန်ဆောင်မှုတွေကို ISO 9001:2015 အရည်အသွေး စံသတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ပေးပြီး TUV Cyprus ခွင့်ပြုချက်လည်းရရှိထားပါသည်။


UGBS Quality Certificate ISO 9001:2015 ကို Download ရယူပါရန်

UGBS-symbol-mono

All content © Uniteam Global Business Services, 2017. All rights reserved.
Uniteam Global Business Services is part of Uniteam Group of Companies.

Follow us on social media

iso-logo-footer